အားကစားသတင်းတိုများ

Time:2017-07-13 03:28     PV:0

ဖေ့စ်ဘွတ်ခ်ကုမ္ပဏီပိုင်ရှင် မာ့ခ်ဇူကာဘက်နောက်ကွယ်တွင်ရှိ သော ၀ယ်ယူသူတစ်ဦးထံသို့ အသင်းကို ပေါင်တစ်ဘီလီယံဖြင့် ရောင်း ချမည်ဆိုသောမှန်းဆချက်များကို စပါးအသင်းက ငြင်းဆိုသည်။


လီယွန်နယ်မက်ဆီနှင့် ငယ်ရည်းစားဇနီးသည်တို့ ဟန်းနီးမွန်းထွက်နေသော ကာရစ်ဘီယံဒေသသို့ဘာစီလိုနာအသင်းဖော် ဆွာရက်ဇ်နှင့် ဇနီးသည်တို့ မထင်မှတ်ဘဲရောက်ရှိလာပြီး မိသားစုနှစ်စုအပန်းဖြေနေပုံကို မက်ဆီက အင်စတာဂရမ် စာမျက်နှာတွင် တင်ထားသည်။

ပရီးမီးယားလိဂ်ချန်ပီယံ ချယ်လ်ဆီးအသင်းကရိုးမားအသင်းမှ ဂျာမနီလက်ရွေးစင်နောက်တန်းလူ အန်တိုနီယို ဂူဒီဂါ (၂၄)နှစ်ကို ကနဦးပေးချေမှု ပေါင် ၂၉ သန်းဖြင့် ငါးနှစ်စာချုပ်ချုပ်ဆိုသည်။ ဂူဒီဂါသည် ဇင်းနစ်သို့ ထွက်ခွာသွားသောအီဗန်နိုဗစ်၏ နံပါတ် (၂) အင်္ကျီဝတ်ဆင်ကစားမည်ဖြစ်သည်။

ကျန်းစု ဆူနင်းအသင်းနှင့် နှစ်ဂိုးစီသရေကျခဲ့ပြီးနောက်လုပ်ပွဲ ကစားသည်ဟူသော ပြောဆိုမှုများနှင့် ပတ်သက်၍ တရားစွဲဆိုမည်ဟု တရုတ်စူပါလိဂ်မှရှန်ဟိုင်းရှင်ဟွာအသင်းက ပြောသည်။

ကွန်ကာကက်ဖ်ဇုန် Gold Cup ဖလားပြိုင်ပွဲတွင်မက္ကဆီကိုက အယ်လ်ဆာဗေးဒိုးကို ၃-၁ ဂိုးဖြင့် ပထမဆုံးပွဲ၌ အနိုင်ရရှိခဲ့သည်။ ယမန်နေ့ကပွဲစဉ်များတွင် အမေရိကန်က ပနားမားနှင့် တစ်ဂိုးစီ သရေကျခဲ့ပြီး ကနေဒါက ပြင်သစ်ဂူယာနာကို၎-၂ ဂိုးဖြင့် နိုင်ခဲ့သည်။ ကော်စတာရီကာက ဟွန်ဒူးရပ်စ်ကို ၁-၀ ဂိုး၊ ဂျမေကာက ကူရာကာအိုကို၂-၀ ဂိုး၊ မာတီနီကေးက နီကာရာဂွါကို ၂-၀ ဂိုးဖြင့် အ သီးသီးအနိုင်ရရှိခဲ့သည်။ အုပ်စုသုံးခုမှထိပ်ဆုံးနှစ်သင်း ကွာတားတက်မည်ဖြစ်ကာ တတိယရအသင်းများ ကွာတားနေရာအတွက် ရှုံးထွက်ကစားရမည်ဖြစ်သည်။



Copyright © 2015-2016 CQNEWS Corporation, All Rights Reserved.
wuf[kef;nD!Gwfa&;owif;pm
trSwf(133) xGrfMu,fvrf; refpDNrdKY? ,leefjynfe,f w½kwfEdkifiH
zkef;eHygwf/ / +86-0692-2111017 pmwdkufeHygwf/ / 678400 tD;ar;vf/ / yndhtjb@vip.sina.com